Monday, November 27, 2017

" ဖားပုံပြင်(သို့မဟုတ်) ပုံပြင်ထဲက ဖားများ "

ဖားပုံပြင်(သို့မဟုတ်) ပုံပြင်ထဲက ဖားများ

တချို့ဖားတွေက သွားတယ်
တချို့ဖားတွေက နားတယ်...
တချို့ဖားတွေက ကြပ်တယ်
တချို့ဖားတွေက နပ်တယ်...

တချို့ဖားတွေက အတယ်
တချို့ဖားတွေက ရတယ်...
တချို့ဖားတွေက စားတယ်
တချို့ဖားတွေက ကားတယ်...
တချို့ဖားတွေက ရမ်းတယ်
တချို့ဖားတွေက ကန်းတယ်...
တချို့ဖားတွေက ပို့တယ်
တချို့ဖားတွေက တို့တယ်...
တချို့ဖားတွေက လုပ်တယ်
တချို့ဖားတွေက ယုတ်တယ်...
တချို့ဖားတွေက ပြုတ်တယ်
တချို့ဖားတွေက ကုတ်တွယ်...
တချို့ဖားတွေက ကြီးတယ်
တချို့ဖားတွေက စီးတယ်...
တချို့ဖားတွေ ညည်းတယ်
တချို့ဖားတွေ သီးတယ်...
တချို့ဖားတွေ မျက်လုံးမှိတ်ပြီး ပြုံးတယ်
တချို့ဖားတွေ အံကိုကြိတ်ပြီး " အုံး..."တယ်...
ဒီလိုနဲ့ ...
အဲဒီလိုနဲ့...
ငါတို့အားလုံး...
ဖားတွေအကြောင်း...
ပုံပြင်လုပ်ပြီး သင်ခဲ့ဖူးတယ်။
နောက်တော့...
အဲဒီနောက်တော့...
နောက်လူအားလုံး...
ငါတို့အားလုံးအကြောင်း...
ပုံပြင်ထဲက ဖားများဆိုပြီး
သင်ရိုးလုပ်ပြီး သင်ကြဦးမယ်။ ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂၀.၁၁.၂၀၁၆ နေ့လည်၂း၄၅မိနစ်)
https://shintnyolay.blogspot.com

No comments:

Post a Comment