Monday, January 16, 2017

မြင်ထောင့်များ

မြင်ထောင့်များ…
.......................

တခါက ပုစ္ဆာလေးတစ်ပုဒ်ဖတ်ရပါတယ်။ မီးခြစ်ဆံလေး သုံးချောင်းနဲ့ ကြယ်သီးလေး တစ်လုံး။ မီးခြစ်ဆံသုံးချောင်းကို ကလပ်ဖန်ခွက်ကလေးလိုဖြစ်အောင် စီလိုက်တယ်။ ပြီးတော့ အဲဒီ မီးခြစ်ဆံ ဖန်ခွက် ကလေးထဲကို ကြယ်သီး ထည့်လိုက်တယ်။ မေးခွန်းကတော့ မီးခြစ်ဆံတွေကို မရွှေ့၊ ကြယ်သီးကိုလည်း မထိဘဲ ဖန်ခွက်အပြင်ကို ကြယ်သီးရောက်သွားအောင် ဘယ်လို လုပ်မလဲဆိုတဲ့မေးခွန်းပါ။