"ပုဂံမတိုင်မီ မြန်မာအစနှင့် ပျူနိုင်ငံမတိုင်မီ ပရိုင်းမိတ်လူ"
မြန်မာလို့သိကြတဲ့လူမျိုးတစ
မြန်မာတွေပြောနေကြတာတော့ ကြပါပြီ။ 'မြန်မာအစ တကောင်းက' တို့၊ 'မြန်မာအစ ကျောက်ဆည်က' တို့။ တချို့ကလည်း ပျူနိုင်ငံတစ်နိုင်ငံဖြစ်တဲ
တိတိကျကျ သေသေချာချာ သိချင်စိတ်နဲ့ မြန်မာရယ်လို့ ဖြစ်လာမယ့် မြန်မာအစကို လေ့လာမယ် ဆိုရင် အချိန်ယူပြီး အသေးစိတ် လေ့လာနိုင်ပါမှ တော်ကာကျပါလိမ့်မယ်။ ဒီအတွက်အချိန်လည်း တော်တော်လေးပေးရပါတယ်။ စာအုပ်တွေဖတ်ရုံနဲ့လည်း ဒါအမှန်လို့ ကောက်ချက်ချလို့ မရနိုင်ပါဘူး။ စာအုပ်တွေ တော်တော်များများကလည်း ကွဲလွဲမှုတွေနဲ့ပါ။
မိမိ မကြာခဏရေးခဲ့ပါတယ်။ သမိုင်းကိုပြုစုတဲ့သူဟာ တာဝန်အလွန်ကြီးပါတယ်။ နိုင်ငံနဲ့လူမျိုးနဲ့ ပတ်သက်နေတာမို့ အတိမ်းအစောင်းမခံပါဘူး။ ယုတ္တိဗေဒမဲ့တာတွေ၊ တိမ်းစောင်းလွဲမှားတာတွေကတေ
ဒီကနေ့ သမိုင်းပညာရှင်၊ သုတေသနပညာရှင်တွေကလည်း စာအုပ်တွေမှာတွေ့တာ လေ့လာရတာလောက်နဲ့တော့ အမှန်ဆိုတာကို လက်မခံကြတော့ပါဘူး။ စာအုပ်တွေ၊ စာတမ်းတွေအပြင် ကျောက်စာတို့၊ မြေပုံစာတို့ဆိုတာတွေကလည်း သမိုင်းမှန်ဖြစ်ဖို့ အထောက်အထားအဖြစ် အလွန်အရေးကြီးလာပါတယ်။ (၁၉၁၁)ခုနှစ်က တူးဖော်တွေ့ရှိတဲ့ ရာဇကုမာရကျောက်စာလို့ခေါ်တဲ့
ရေးရရင် ပုဂံခေတ်ကိုပဲ ကြည့်ပါ။ ပုဂံမင်း (၅၅)ဆက်လို့ သိရှိရပေမယ့် ဒီကနေ့ပညာရှင်တွေက အနုရုဒ္ဓလို့ခေါ်တဲ့ အနော်ရထာခေတ်ကစပြီး ဒီဘက် ပုဂံပျက်တဲ့အထိကို လက်ခံကြပါတယ်။ အနော်ရထာရှေ့က ပုဂံကိုစတည်တဲ့ သမုဒ္ဒရာဇ်မင်းကစပြီး စုက္ကတေးမင်းအထိ မင်း(၄၁)ဆက်ကိုတော့ အဲဒီမင်းတွေအားလုံးနဲ့ ပတ်သက်တဲ့သမိုင်းကို မှန်တယ်လို့ မဆိုကြပါဘူး။ အထောက်အထားတွေ နည်းလွန်းသလို၊ တချို့မင်းတွေရဲ့ အကြောင်းတွေကလည်း ရှေးဟောင်းပုံပြင်လို၊ ဒဏ္ဍာရီလို ဖြစ်နေလို့ပါပဲ။ ဦးကုလား မဟာရာဇဝင်ကြီးမှာပါတဲ့ ပုဂံရဲ့ (၃)ဆက်မြောက်မင်းဖြစ်တဲ့ ပျူစောထီးကို နေနတ်သားနဲ့ နဂါးမတို့က မွေးတယ်ဆိုတာမျိုးပေါ့။
ဒါပေမယ့် ... ပုဂံတည်တာကို ရေးရရင်တော့ သမုဒ္ဒရာဇ်မင်းကပဲ ရေးရမယ်။ သမုဒ္ဒရာဇ်မင်းဟာ ပုဂံကို ရွာ (၁၉)ရွာနဲ့ စပြီးတည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို သမုဒ္ဒရာဇ်မင်း ပုဂံကို မတည်မီ အရင်ရှိခဲ့တဲ့နိုင်ငံတွေကတေ
ဒီနေရာမှာ ပျူနိုင်ငံတွေအကြောင်းလည်း ရေးချင်ပါတယ်။ ပျူလူမျိုးတွေရဲ့အစ၊ ပျူလူမျိုးတွေ ဘယ်ကလာလဲဆိုတာ၊ အရင်က လေ့လာတွေ့ရှိခဲ့တာကတော့ ပျူတွေဟာ တရုတ်ပြည်ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ်စပ်ကနေ မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့် သူတွေထက်စောပြီး ခရစ်မပေါ်မီ (၅)ရာစုနှစ်လောက်ကစလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေ
သူတို့တွေဟာ တောင်တွင်းကြီးအနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ ဟန်လင်း၊ ပြည်အနီး မှော်ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ ပျူနိုင်ငံတွေကို တည်ထောင်ခဲ့ကြပါတယ်။ ပျူဘုရင်မဖြစ်တဲ့ ဗိဿနိုးက ပန်ထွာဘုရင်မနဲ့ သရေခေတ္တရာက ပျူဘုရင် ဒွတ္တဘောင်ကိုတော့ သမိုင်းလေ့လာသူ တော်တော်များများ သိကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျူမင်းတွေ တည်ခဲ့တဲ့ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ စတဲ့ ပျူဘုရားတွေဟာလည်း ဒီကနေ့တိုင် အထင်အရှား ရှိနေပါတယ်။
ပျူတွေအကြောင်ကို လေ့လာတော့ ပန်ထွာဘုရင်မ စိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင် တိုက်ခိုက်လို့ ဗိဿနိုးပျက်ခဲ့ရတယ်။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂)မှာ တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက်တိုက်ခိုက်လုယက်ဖျက်
ဒီနေရာမှာ မြန်မာဖြစ်လာမယ့် မြန်မာလူမျိုးတွေ ဘယ်ကလာကြတယ်၊ ဘယ်လိုဝင်လာကြတယ် ဆိုတာကိုလည်း အရင်က ပညာရှင်တွေ လက်ခံခဲ့တာကို ရေးပ့ါမယ်။
မြန်မာတွေက တိဗက်မြန်မာအနွယ်ဝင်တွေ ဖြစ်တယ်။ တရုတ်တွေဖိတာ ခံရတဲ့အတွက် အရင်က ဝင်လာကြတဲ့ ပျူတွေလိုပါပဲ။ တရုတ်အနောက်မြောက်ထောင့်မှာ
သူတို့ဟာ ခရစ်မပေါ်မီ (၄)ရာစုလောက်မှာ ဇီချွမ် (Szechwan) ကို ရောက်နေကြပြီ။ တိဗက်မြန်မာအနွယ်တွေဟာ ပထမက သိုးထိန်းတွေဖြစ်တယ်။ အဲဒီကမှ တောင်သူဘဝကိုပြောင်းပြီး ရွာတည်နေကြတာ လူဦးရေကလည်း များလာပါတယ်။ နေထိုင်လုပ်ကိုင်စားသောက်ကြ
အဲဒီလို လူဦးရေ တိုးပွားလာတဲ့အချိန်မှာပဲ သူတို့တွေဟာ အနိုင်အထက်ပြု ဖိစီးနှိပ်စက်သူတွေနဲ့ ကြုံတွေ့ကြရပါတယ်။ အဲဒီတုန်းက တရုတ်ပြည်မှာ နန်ကျောင်တွေ တန်ခိုးအာဏာကြီးမားနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ နန်ကျောင်တွေဟာ စစ်ကိုဦးစားပေးပြီး အနီးဝန်းကျင်နိုင်ငံတွေကိုဝ
တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ပ
ဒီလိုနဲ့ (၉)ရာစုနှစ်နှောင်းပိုင်းရေ
ဦးဆုံရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။ ကျောက်ဆည်မှာ စတင်နေထိုင်ကြပြီး အဲဒီမှာ ဆည်ရေသောက် လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေများပြီး မင်းဘူးနယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ဆိုကြ
အဲဒီနောက်မှာ ဒီနယ်တွေနဲ့ ဆက်သွယ်ဖို့လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့ ဧရာဝတီမြစ်ရှိတဲ့၊ အားလုံးရဲ့အလယ်ဗဟိုလည်းဖြစ်
ဒါပေမယ့် ... ဒီဘက် (၂၀၀၀)ခုနှစ်ဝန်းကျင်မှာတော
ပျူလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့အစဟာ ခေတ်သစ်သမိုင်း ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတ
အဲဒါက ဘာကြောင့်ပါလဲ။ လွန်ခဲ့တဲ့နှစ် သန်း(၄၀)လောက်က ဒီကနေ့ လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ်သတ္တဝါတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေဖြစ်တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေကို သုတေသနပညာရှင်တွေက တွေ့ရှိလိုက်ကြလို့ပဲဖြစ်တယ
ပညာရှင်တွေဟာ မြန်မာ့မြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ အဲဒီကျောက်ခေတ်မှာသုံးတဲ့ လက်နက်ကိရိယာတွေကိုလည်း တွေ့ရှိခဲ့ ကြရပါတယ်။ ကျောက်ခေတ်လက်နက်ကိရိယာတွေက
ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိ
မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရှိရပါတယ်။ ပြဒါးလင်းဂူရဲ့နံရံတွေပေါ်မှ
မြန်မာမြေပေါ်မှာ နေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊ ကျောက်ခေတ်လတ်၊ ကျောက်ခေတ်နှောင်းကာလတွေ မှာသာမကပဲ ကြေးခေတ်၊ သံခေတ်တွေမှာလည်း နေထိုင်ခဲ့ကြတယ်ဆိုတာကို ဆက်လက်တွေ့ရှိရတဲ့ အထောက်အထားတွေအရ သိရှိရပါတယ်။
ကြေးခေတ် အထောက်အထားတွေဖြစ်တဲ့ ကြေးလက်နက် ကိရိယာတွေ တွေ့ရှိရတဲ့ နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးမိတ်၊ ကြိုကြာရွာ မထုံးချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်းသင်းခရိုင်တွေဖြစ်ပါတယ
ကြေးခေတ်သင်္ချိုင်းတွေကိုလည်
ဟန်လင်းဒေသတစ်ဝိုက် မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊
ဒါကြောင့် ပညာရှင်တွေ နောက်ဆုံးကောက်ချက်ချခဲ့ကြတ
ရေးရရင် သမိုင်းဆိုတာ ယုတ္တိဗေဒကျဖို့ လိုပါတယ်။ လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ပြည့်စုံဖို့၊ အထောက်အထားတွေကလည်း ခိုင်လုံဖို့၊ မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပျူတွေရဲ့ ဗိဿနိုးမြို့ကို ပန်ထွာဘုရင်မနဲ့ အရင်ဘဝက မောင်နှမတော်ခဲ့ဖူးတဲ့ ဗိဿနိုးနတ်မင်းက စတုရန်းတာ လေးတောင်ပမာဏကျယ်ဝန်းတဲ့ ဗိဿနိုးမြို့ကို တန်ဆောင်း၊ ပြအိုး၊ မြို့ရိုး၊ ကျုံးမြောင်တွေနဲ့ ဖန်ဆင်းတည်ထောင်ပြီး ပန်ထွာဘုရင်မကို အပ်နှင်းတယ်ဆိုခဲ့တာမျိုးတိ
Credit:
http://
No comments:
Post a Comment