"နှင်းရည်စက်လက် "
------------
မေမေ့ဆီမှာ
စိတ်ရဲ့ အသုံးစရိတ်အနေနဲ့ 
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကို
တောင်းယူခဲ့ ၊
တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြို့ ကလေးလို့ ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာ
ဖူးပွင့်နေတဲ့
မြို့ ကလေးလို့ ပြောကြရအောင်ပါ ။
နေလုံးနီနီရေ
ကိုယ် အထူးကျေးဇူးတင်ပါတယ် ၊
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်တွေ့ ခွင့်ရတယ် ။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့  မကောင်းပါဘူး ၊
ဘာမှ မရေးဘဲ
မွှေးရနံ့ တွေကိုသာ ငေးကြည့်နေဖို့ ကောင်းပါတယ် ။
ကဲ ကိုယ့်ရာဇ၀င်အတွက်တော့
101 ဆိုတဲ့ အိပ်ခန်းလေး မပါလည်းဖြစ်တယ်
ဥရောပတိုက်ကြီး မပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့ နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ ကလေးရေ မင်းကတော့ မပါလို
့
မဖြစ်ပါဘူးကွယ် ။
ဒါပေမယ့် မေမေရယ်
မြို့ ကလေးဟာ သူလှတာကို သူသိမနေရင်
သူဟာ ဒီထက်ပိုပြီး လှနေမှာပဲ ၊
သူ့ ထံမှာ သားပျော်ပါတယ် … ဒါပေမယ့်
မေမေရယ်
လေကောင်းလေသန့် တွေ ၊ ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ ကလေးကို
နဂိုရည်အတိုင်းထားပြီး
သားပြန်ခဲ့ ။
အဲဒီနေ့ ကပေါ့ မေမေရယ်
မနက်စောစောကြီး
….. မြို့ ကလေးအပေါ်ကို
ချယ်ရီပန်းတွေ အားရပါးရ ကြွေကျလို့  ……
အပြင်ဘက်က နှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
မေမေ့သားရဲ့ နှလုံးသားငယ် မိုးရေတွေ ရွှဲ လို့ 
။ ။
Credit:
မောင်သိန်းဇော် (၁၉၈၇)
No comments:
Post a Comment