Thursday, October 6, 2016

"အလက်ပိုမြို့က ကောင်ကလေး (သို့မဟုတ်) ဓာတ်ပုံလေးတစ်ပုံက စစ်ပွဲကိုပြီးဆုံးစေမှာလား"





"အလက်ပိုမြို့က ကောင်ကလေး (သို့မဟုတ်) ဓာတ်ပုံလေးတစ်ပုံက စစ်ပွဲကိုပြီးဆုံးစေမှာလား"
------------------------------------------------------------
ပြည့်ပြည့် ဘာသာပြန်သည်။

ဓာတ်ပုံလေးတစ်ပုံက စစ်ပွဲရပ်ဖို့ အကူအညီပေးနိုင်မလား ဆိုတဲ့မေးခွန်းကတော့ လိမ္မော်ရောင်တောက်တောက် ထိုင်ခုံလေးပေါ်က ခေါင်းကနေခြေထောက်ထိ ဖုန်မှုန့်အလိမ်းလိမ်း၊ မျက်နှာတစ်ခုလုံးလည်း သွေးအလိမ်းလိမ်း ဖြစ်နေရှာတဲ့ ဆီးရီးယား သားငယ်လေးရဲ့ပုံကိုကြည့်ပြီး လူအများ မျှော်လင့်ကြတဲ့အကြောင်းပါပဲ။
သူကတော့ အသက်ငါးနှစ်အရွယ် Omran Daqneesh ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ လေကြောင်းတိုက်ခိုက်မှုဒဏ်ခံခဲ့ရတဲ့ အလက်ပိုမြို့က အဆောက်အဦတစ်ခုထဲကနေ ကယ်ထုတ်လာခဲ့ရတာပါ။ ဖိနပ်မပါတဲ့ခြေထောက်ကလေးတွေတွဲလောင်းချထားတဲ့ သူလေးဟာ သိပ်ကိုထိတ်လန့်လွန်းလို့ ကြက်သေသေနေပုံပေါက်နေပါတယ်။
အဲ့ဒီရုပ်ပုံကို အလက်ပိုသတင်းစင်တာက YouTube မှာတင်ခဲ့တဲ့ video ကနေ ထုတ်ယူထားတာဖြစ်ပြီး နေ့မကူးခင်မှာပဲ သတင်းတွေမှာလည်း ဖြန့်ချီပါတယ်။ အဲ့ဒီအချိန်ကစ ဒီပုံလေးဟာ ကမ္ဘာ့သတင်းခေါင်းကြီးနေရာတွေကိုယူလာပြီး ဆီးရီးယားမှာ ဖြစ်ပွားနေဆဲဖြစ်တဲ့ စိတ်ထိခိုက်ဖွယ်ရာအဖြစ်အပျက်တွေကို ပိုမိုသတိပြုမိလာစေပါတယ်။
ဒီဓာတ်ပုံရဲ့ ထိရောက်မှုအားကို သံသယဝင်စရာမရှိပါဘူး။ "ဒါဟာ တကယ့်ကို နှလုံးကျေကွဲဖွယ်၊ အတင်းအဓမ္မအပြုခံရတာကိုပြသပြီ့း၊ အကောင်းဆုံးတင်ပြထားတဲ့ ကြောက်စရာ အဖြစ်ပါပဲ။ ကမ္ဘာပေါ်က ဘယ်မိခင်မဆို သူ့ကိုပြေးကောက်ပြီး စောင့်ရှောက်ချင်ကြမှာသေချာပါတယ်" လို့ ဝါရှင်တန်ပို့စ်ရဲ့ ဓာတ်ပုံသတင်းဆိုင်ရာ ဒါရိုက်တာ MaryAnne Golon က ဆိုပါတယ်။
တခြားသူတွေလည်း ဒီလိုပဲခံစားရမှာပါ။ ဒီဗီဒီယိုကိုအကြိမ် ၃.၄ သန်းကျော်ကြည့်ရှု့ကြပြီး အကြိမ်ရေတွေလည်း ဆက်လက်မြင့်တက်နေပါတယ်။ ၄၈နာရီအတွင်းမှာ Daqneesh လေးရဲ့ ပုံလေးဟာ ဆီးရီးယားက ကလေးတွေရင်ဆိုင်နေရတဲ့ရွေးချယ်စရာရှားပါးနေရတဲ့ ဘဝအခြေတွေကို ထင်ဟပ်ထားတဲ့ meme တွေအဖြစ်social media တွေပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။ ရက်စက်ဆိုးရွားတဲ့ ဆီးရီးယားစစ်ပွဲကို ဆန့်ကျင်တဲ့နေရာမှာ ဖော်ပြဖို့ အသုံးပြုခဲ့ကြပါတယ်။
ဒါပေမယ့် ကမ္ဘာကြီးဟာ ၂၀၁၅ စက်တင်ဘာတုန်းကလည်း အလားတူဓာတ်ပုံမျိုးကိုမြင်တွေ့ခဲ့ကြဖူးပါတယ်။ Alan Kurdi လို့ခေါ်တဲ့ သုံးနှစ်သားဆီးရီးယားကလေးငယ်လေးဟာ သူ့မိသားစုနဲ့အတူ ဂရိကို ထွက်ပြေးကြရင်း ရေနစ်သေဆုံးခဲ့ပါတယ်။တူရကီရဲ့ ကမ်းခြေတစ်နေရာက သူ့ရဲ့ အသက်မဲ့ခန္ဓာကိုယ်လေးကို ရိုက်ယူထားတဲ့ဓာတ်ပုံတွေဟာ ပြန့်နှံ့ခဲ့ပါတယ်။
Kurdi ပုံလေးကတော့ ဓာတ်ပုံတွေရဲ့ အင်အားကို ပြသမှုတစ်ခုပါပဲ။ ဒါဟာ ဥရောပကအစိုးရတွေကို ဒုက္ခသည်တွေကိုပိုမိုလက်ခံပေးဖို့ သူတို့ရဲ့ ပြည်သူတွေကပိုမိုတောင်းဆိုလာအောင် အားပေးနိုင်ပါတယ်။ များစွာသောလှူဒါန်းမှုတွေပြုလုပ်လာဖို့ နှိုးဆွပေးမှုလည်းဖြစ်တယ်လို့ BBC က တော့ ဆိုထားပါတယ်။
Mercy Crops ဆိုတဲ့ ဆီးရီးယားနိုင်ငံအတွက် လူသားချင်းစာနာတဲ့ကူညီထောက်ပံ့မှုတွေပေးအပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းကတော့ Kurdi လေးရဲ့ဓာတ်ပုံလေးပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ၂.၃ သန်းတန်လှူဒါန်းမှုတွေရရှိခဲ့တယ်လို့ဆိုပါတယ်။ နှိုင်းယှဉ်ပြရရင်တော့ ရှေ့လေးနှစ်တာကာလအတွင်း အဖွဲ့အစည်းရဲ့ ရန်ပုံငွေဟာ ၄.၅ သန်းရှိတာပါ လို့ ဆက်ဆံရေးအရာရှိ Christy Dalafield က ပြောပြခဲ့ပါတယ်။
ဂျာမာန်ရုပ်သံလွှင့်ဌာန Deutsche Welle ရဲ့ အဆိုအရ World Vision, UNHCR and Islamic Relief စတဲ့ အဖွဲ့အစည်းတွေမှာလည်း လှူဒါန်းမှုတွေတိုးတက်လာတယ်လို့ သိရပါတယ်။
ဒါပေမယ့် Delafield ကတော့ Daqneesh လေးရဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး အမြင်တမျိုးရှိနေပါတယ်။ "အိုလံပစ်နဲ့ ရွေးကောက်ပွဲတွေသတင်းတွေကြောင့်များထိရောက်ပါ့မလားလို့တွေးမိတယ်။ သတင်းတွေက သိပ်မြန်မြန်ကြီးပြောင်းလဲနေတယ်" လို့ဆိုပါတယ်။
ဓာတ်ပုံဖော်ပြပြီး ပထမ ၂၄ နာရီအတွင်းမှာပဲ ဒေါ်လာငါးသောင်းကို အလှူခံရရှိခဲ့ပေမယ့် မနေ့ကစပြီး အလှူငွေရရှိမှုကျဆင်းလာတာကြောင့် Dalafield စိတ်ပျက်ရပါတယ်။
Save the children ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဌ Greg Ramm ကတော့ ဒီပုံလေးဟာ တနည်းတဖုံတော့ အပြောင်းအလဲကိုဖြစ်စေမယ်လို့ထင်ပါတယ်။ "ဒါဟာ ကမ္ဘာကြီးကို ဆီးရီးယားနိုင်ငံအတွင်းက ဒုက္ခသုက္ခတွေနဲ့ ပတ်သက်လို့ သတိထားမိစေလိုက်တာပါပဲ။ လူတွေကို ကူညီဖို့ ပိုမိုတွန်းအားပေးတယ်။ နိုင်ငံရေးသမားတွေကိုလည်း ဖိအားပေးရာရောက်ပါတယ်" လို့သူကဆိုပါတယ်။
ဥပမာ စကော့တလန်က ခေါင်းဆောင်တွေဟာ ရုရှားနိုင်ငံကို အလက်ပိုမြို့မှာ အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုပေးပါဆိုပြီး UK အစိုးရနဲ့ EU ကို တိုက်တွန်းလိုက်ပါတယ်။ The National, a Scottish newspaper ရဲ့အဆိုကိုကောက်နှုတ်ရရင် - စကော့တလန်ရဲ့ First Minister Nicola Sturgeon က "ဆီးရီးယားက တကယ့်အခြေအနေမှန်နဲ့ စစ်ကြောင့်လူ့အသက်ဆုံးရှုံးရမှုတွေကိုပြသတဲ့ဒီဓာတ်ပုံကြောင့် သိပ်ကိုထိတ်လန့်ရပါတယ်" လို့ ပြောပါတယ်။
Ed Kashi ဆိုတဲ့ လူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာ အမေရိကန် ဓာတ်ပုံသတင်းထောက်ကတော့ ဒီဓာတ်ပုံလေးရဲ့ ရေရှည်အကျိုးသက်ရောက်နိုင်စွမ်းကို သံသယဝင်နေပါတယ်။ "တစ်ရက် ဒါမှမဟုတ် တစ်ပတ်လောက်ကတော့ လူတွေကို လှူဖို့တမ်းဖို့လှုံ့ဆော်နိုင်မှာပါ။ လက်တွေ့မှာတော့ အကျိုးတွေဆက်ရှိနေဖို့ခက်ပါတယ်" လို့ဆိုပါတယ်။
Instagram, Twitter and Facebook တို့မှာ ကလေးရဲ့ဓာတ်ပုံတွေ memeတွေကို share နေကြချိန်မှာပဲ "ဒီပုံရဲ့ သရုပ်ပေါ်မှုနဲ့ သက်ရောက်မှုအားကတော့ ထုံသွားပါပြီ။ အပတ်တိုင်းမြင်နေကြရတော့ အခုဆို နောက်တစ်ခုကြည့်ဖို့ပဲ ဆွဲတင်လိုက်ကြတော့တာပါပဲ" လို့လည်းသူက ဆိုပါတယ်။ ဒီလိုမျိုး တုန့်ပြန်မှုတွေကျဆင်းသွားရတာကြောင့် ငိုတောင်ငိုချင်မိတယ်လို့လည်းပြောပါသေးတယ်။
Kashi လိုပဲ Kurdi လေးနဲ့ Daqneesh လေးတို့ရဲ့ ဓာတ်ပုံတွေအပေါ်မှာ မျှော်လင့်ချက်တွေအများကြီးမထားချင်သူကတော့ John Hilary ပါပဲ။ သူဟာ War on want လို့ခေါ်တဲ့ ကမ္ဘာ့တရားမျှတမှုဆိုင်ရာအဖွဲ့အစည်းတစ်ခုရဲ့ အလုပ်အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်သလို သနားစရာလူတွေရဲ့ဓာတ်ပုံတွေကို အလှူအတန်းပြုလုပ်ဖို့အတွက် အသုံးချတာနဲ့ပတ်သက်ပြီး ဝေဖန်သူတစ်ဦးလည်းဖြစ်ပါတယ်။
"သူတို့ရဲ့ဓာတ်ပုံတွေဟာ ခံစားချက်တွေနဲ့ သဘောပေါက်နိုင်စွမ်းတွေကို ရန်စနေသလိုပါပဲ။ ဒီပုံတွေက ခင်ဗျားကို ဆင်းရဲမှုကို တိုက်ဖျက်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးအရနားလည်မှုတွေ သုံးသပ်ဝေဖန်နိုင်စွမ်းတွေကို မပေးနိုင်ပါဘူး" လို့ သူကဆိုပါတယ်။
သူက သူတို့မြင်တွေ့နေတာတွေကတခြား တကယ့်လက်တွေ့အဖြေက ဘာဆိုတာနဲ့ကို သိနားလည်ဖို့ က တခြားပါပဲ။
"လူတွေအတွက်က အပြောင်းအလဲကိုတကယ်လုပ်ဖို့ ဘာကိုလုပ်ရမယ်ဆိုတာ မရှင်းလင်းကြပါဘူး။ ဒါဟာဒီပုံထဲက အလွန်နက်နဲသိမ်မွေ့တဲ့ အခက်အခဲပါပဲ။ ကျနော်တို့ ရဲ့ ဒေါသတွေ ကရုဏာသက်မှုတွေကို အပြောင်းအလဲဖြစ်သွားအောင်လုပ်နိုင်တဲ့ နည်းလမ်းမရှိပါဘူး။

Original writer: Malaka Gharib
ပြည့်ပြည့် ဘာသာပြန်ဆိုသည်။

https://www.facebook.com/theburmesewriters/photos/a.404767349712589.1073741828.404684033054254/572483629607626/?type=3&theater



NPR: The Little Boy In Aleppo: Can One Photo End A War?

No comments:

Post a Comment